ရွှေဘို ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ အောင်ချက်မြင့်မားလာစေရန်ရည်ရွယ်၍ အွန်လိုင်းမှတဆင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မုံရွာတက္ကသိုလ်မှ ဆရာ/ဆရာမများက တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုရာတွင် အမှတ်ပေးစည်းမျဉ်းနှင့် ကိုက်ညီအောင် ဖြေဆိုတက်စေရန်နှင့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲအတွက် အဓိကထား လေ့လာတက်စေရန် ဟောပြောပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ အမှတ်(၂) အခြေခံပညာထက်တန်းကျောင်းရှိ တက္ကသိုဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများနှင့် ရွှေဘိုမြို့တွင်းရှိ အထက်တန်းပြ ဆရာ/ဆရာမများ စုစုပေါင်း ၃၅၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)