မြောင်းမြခရိုင် Community Center ခန်းမတွင် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှု (Physical Fitness Dance) သင်တန်းဆက်လက်သင်ကြား ဖွင့်လှစ်သင်ကြား

မြောင်းမြ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများအား ကျန်းမာကြံ့ခိုင်သောအနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှု (Physical Fitness Dance) သင်တန်းအား ယနေ့နံနက်(၁၀:၃၀) နာရီအချိန်က ဆက်လက်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်အေးအေးသင်း ကသင်တန်းနည်းပြအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတက်ရောက်သင်ကြားခဲ့သည်။ ယင်းသင်တန်းအား ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ (၃)ရက် ကြာသင်ကြားပို့ချသွားမည်ဖြစ်သည်။

မြောင်းမြခရိုင် Communiry Centre ခန်းမတွင် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများနှင့် ပြည်သူ့အကျိုးပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အောင်ဖြိုး(ပြန်/ဆက်)