ဘားအံ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မီးခိုးမြူငွေ့ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့်လျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက Hotspots လျှော့ချရေးစုပေါင်းဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ခရိုင်သစ်တောဦးစီးဌာနက တောမီးကာကွယ်ရေးအကြောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်အကြောင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက လယ်ယာကဏ္ဍဆိုင်ရာ မီးခိုးမြူငွေ့အကြောင်း ခေါင်းစဉ်အသီးသီးဖြင့် အသိပညာပေးဟောပြောပေးခဲ့ရာ ဇာသပြင်ကျေးရွာနေပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း(၁၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)