ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးအောင်ဆန်းဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတ ရစရာစာအုပ်၊ စာပေများ စာကြည့်တိုက်တွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း၊ သုတ၊ ရသစာအုပ်အမျိုးအစားများအကြောင်း၊ စာဖတ်သည့် အလေ့အထပြုစုပျိုးထောင်ခြင်းနှင့် စာဖတ်ခြင်းမှရရှိသည့်အကျိုး ကျေးဇူးများအကြောင်းကို  အသိပညာ‌ပေးဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)