သံတောင်ကြီး ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကိုဌာရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ် (၁၂) နာရီ ကျောင်းဆင်းချိန်နှင့်ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်သားများ၊ လူငယ်လူရွယ်မျာအား မြို့နယ်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုတကြွယ်ဝပြည့်စုံသောလူငယ်များဖြစ်စေရန် ရည်ရွယ်၍မြို့နယ်ပြည်သူ့စာကြည့်တိုက်အားတနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ