ပေါင်းတည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဝဲကြီးဆည်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၅ )ရက်နေ့မှစ၍ နွေစပါးစိုက်ပျိုး ရေ ပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့နွေစပါးစိုက်ပျိုးရေ ပေးဝေရာတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တော ကျေးရွာ အုပ်စု၊ မှတ်တိုင်ကျေးရွာ အုပ်စု၊ ဘုရားငါးဆူ ကျေးရွာအုပ်စု၊ခေမံကျေးရွာအုပ်စု၊ နွားခြံကုန်း ကျေးရွာအုပ်စု၊ ရွာပုလဲကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာအုပ်စု၊ ဆင်လူးကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာအုပ်စု၊ သပြေကြီးကျေးရွာအုပ်စု၊ မြောက်ကုန်းကြီးကျေးရွာအုပ်စု၊ ကြို့ပင်သာ ကျေးရွာအုပ်စု၊ တောင်ဘို့လှကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ကန်ငယ်ကျေးရွာ အုပ်စု(၁၅)အုပ်စုတို့တွင် လျာထား စိုက်ဧက (၁၅၃၄၄) ဧကအတွက် လက်ဝဲမြောင်း LDY 7 အထိနှင့် လက်ရာမြောင်း RDY 6 အထိ နွေစပါးစိုက်ပျိုးရေ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)