ပေါက်ခေါင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က အသိပညာပေးဟော‌ပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို‌ ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးသူအောင်က ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သည့်  မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများအကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မီးဘေးကြုံခဲ့လျှင် ကိုယ်တိုင်ဦးစွာ မီးငြှိမ်းသတ်နိုင်ရေး၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ စသည့် မီးလောင်ကျွမ်းမှုဆိုင်ရာများနှင့် လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝမီးဘေးအန္တရာယ်များ၏ မီးငြှိမ်းသတ်နည်း၊ မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက မီးလောင်နေစဉ်ပြုလုပ်ရမည့် နည်းစနစ်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများ၊ မီးသတ်ဆေးဘူးထားသိုပုံ ထားသိုနည်းများ၊ မီးသတ်ဆေးဘူးအမျိုးအစားများနှင့် အ‌ရေးပေါ်ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ရမည့်အခြေအနေများကို တက်ရောက်လာသူများအား အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မီးသတ်ဦးစီးအရာရှိမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထား‌သော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)