သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက အ.မ.က (ရေဝေ) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်က ကျောင်းသား၊ ကျောင်းသူများအား "ဗလငါးတန်ဖွံဖြိုးဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်ပုံပြင်များ ပြောကြားခြင်း၊ စာအုပ်စာစောင်များဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)