သဲကုန်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

သဲကုန်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ အခက်အခဲမရှိစေရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဒေါ်သူဇာခင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် MEVMမဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံများကို သင်ကြားဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) ရှိ သာဓုခန်းမနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် သင်တန်းနည်းပြ(၃)ဦးဖြင့် ဆရာ/ ဆရာမများအား ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)