မြောင် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများအနေဖြင့် ဖရဲသီးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဖရဲစိုက်ပျိုးရာတွင် စိုက်ပျိုးမြေအား ထွန်စက်မောင်းခြင်း၊ ဘောင်ဆွဲခြင်း၊ ပိုက်ခင်းခြင်း၊ အိတ်ဖုံးပြီး အစေ့ကို အညှောင့်ဖောက်ကာ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း၊ တစ်ပင်နှင့် တစ်ပင်ကို (၂) တောင် အကွာအဝေးရှိပြီး တန်းကြားကို (၇) တောင်အကွာအဝေးဖြင့် စိုက်ပျိုး ရခြင်း ဖြစ်သည်။ အပင် (၁၅) ရက်သားအရွယ်မှာ ရေစသွင်း ရပြီး အရွက် (၄) ရွက် မြောက်မှာ မြစ်ပွားဆေးနှင့် ပိုးသတ်ဆေးများ ဖြန်းပေးရပြီး အပင်(၁)လသား အရွယ်မှာ ဝတ်မှုန်ကူးရခြင်း ဖြစ်ကြောင်း သိရသည်။ ဖရဲပင် ပထမအရွက်(၆/၇)ရွက်မှ သီးသည့် အသီးများနှင့် ဒုတိယ သီးသည့် အသီးများကို ဆွတ်ပစ်ရပြီး အရွက်ရေ (၂၁) ရွက်အတွင်း သီးသည့် အသီးကိုသာ ရောင်းတန်းဝင် အသီးဖြင့် ထားယူရကြောင်း သိရသည်။
ရဲပင်ပေါင်း (၁၂၀၀) တွင် အရင်းအနှီးအနေဖြင့် (၁၃) သိန်းခန့်ရှိကြောင်း၊ ယခုနှစ်တွင် အသီးများ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကွက်မှာလည်း ယခင်နှစ်များထက် ကောင်းမွန်ကြောင်း သိရသည်။ မြောင်မြို့နယ်တွင် ဖရဲစိုက် ခင်းများကို ပရိမ္မ၊ ဇရပ်ကုန်း၊ ငါးမြှောင်တောင်၊ ရွှေပန်းနှင့် ငါးရံ့အို ကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
နွေရည်ကို(ပြန်/ဆက်)