စေတုတ္တရာ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြေနီကုန်း ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေ ကျပ်(၈.၈)သန်းဖြင့် ကျေးရွာရေရှိရေးလုပ်ငန်း ဆောင်ရွက် နေမှုအား ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် မြေနီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေ ကျပ်(၈.၈) သန်းဖြင့် ၂ လက်မ PVC ပိုက်ဖြင့် အရှည်ပေ (၁၀၀၀) ရှိသော စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း၊ အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၆ပေရှိသော ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် အလျား၁၀ပေ၊ အနံ၈ပေ၊ အမြင့် ၈ပေ ရှိသော ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဆောင်ရွက် ထားခြင်း ရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိ အိမ်ခြေ (၂၉၃) အိမ်မှ လူဦးရေ (၁၀၀၃) ဦး အတွက်သာမက ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)