ထန်းတပင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ  စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ

ထန်းတပင် (ပဲခူး)  ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီ များနှင့် စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့ နေ့လည်ပိုင်းက   ကျင်းပခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊   တောင်ငူ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးစိုးနိုင်၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ  ၊မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  ဦးစီးမှူး ဦးကျော်မျိုးဆင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တင်ဒါအောင် ကုမ္ပဏီများ၊ စီမံကိန်း ကျေးရွာများမှ ကော်မတီများအား တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကုန်ထုတ် လမ်းတံတား အကောင်အထည်ဖော် ဆောင်ရွက်မည့် ကြိမ်တောမြှောင်ကျေးရွာနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်မည့် ရေကျော်ကျေးရွာအုပ်စု ကျောက်ကုန်းကျေးရွာ၊ ချောင်းဝကျေးရွာအုပ်စု သဖန်းချောင်းကျေးရွာနှင့် ကြို့ပင်ဆိပ် ကျေးရွာ၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းအကောင်အထည်ဖော ဆောင်ရွက်မည့် ဇရပ်ကြီးကျေးရွာနှင့် ပျဉ်းမပင် ကျေးရွာတို့တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  တင်ဒါအောင် ကုမ္ပဏီများနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)