ဖြူးမြို့နယ်၌ မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲများပေး

ဖြူး ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ကြိုတင်ဆန္ဒမဲပေးကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် ဈေးရပ်ကွက်၊ ရုံးရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ အုတ်ဖြတ်ရပ်ကွက်၊ သိမ်ကုန်းရပ်ကွက်နှင့် မြို့မအရှေ့ရပ်ကွက်များတွင် နေထိုင်သည့်  မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲစာရင်းစစ်များ၊ လုံခြုံရေး၊ မင်တို့၊ MEVM မဲပေးစက်ကိုင်များ စသည့်တာဝန်ယူဆောင်ရွက်ရမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများသည် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကဒ်ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူ၍ မိမိတို့ဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင် ဆန္ဒပြု၍ ဆန္ဒမဲပေးခဲ့ကြောင်းနှင့် ကြိုတင်မဲ​ပေးခြင်းကို(၁၅-၁-၂၀၂၆) ရက်နေ့မှ(၁၇-၁-၂၀၂၆) ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာအလိုက် ကြိုတင်မဲပေးသွားရမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)