ပေါင်းတည်၌ ပြည်သူများအကြား ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုဘဝပုံစံ နေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အများပြည်သူများအကြား ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်က စတင်ဆောင်ရွက်ခဲ့ကြရာ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ကြသည်။

ထိုသို့လှုပ်ရှားဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဌာနအခြေပြု၊ ဆေးရုံအခြေပြု၊ ဌာနဆိုင်ရာအခြေအနေပြု ၊ ပြည်သူလူထုအခြေပြုနှင့် ကျောင်းအခြေပြုကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းကာ ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ BMI (ခန္ဓာကိုယ်အလေးချိန် အညွှန်းကိန်း) တွက်ချက်ပေးခြင်း၊ အသိပညာပေးဟောပြောခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာအခြေပြု ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းစစ်ရုံးနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ထမ်းများအား ဆက်လက်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရှိရသည်။

ရွှေသား(IPRD)