ပေါင်းတည်ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယမန်နေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ရာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲပြီးဆုံးပြီးနောက် မဲရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ လက်ခံအပ်နှံခြင်းကိုလည်း ထိုနေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ဆက်လက်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၆၉ ရုံဖြင့် ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၇ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ရွေးကောက်တင်မြှောက်ခံရသူအမည်စာရင်းများအား ပြည်သူများသိရှိနိုင်စေရန် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများမှ မကြာမီ တရားဝင် ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)