နတ်မောက်မြို့နယ်၌ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

နတ်မောက် ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃)က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဥမ္မာခင်