စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စတင်ဆန္ဒမဲပေး

စေတုတ္တရာ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ စတင် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း တွေ့ရသည်။

မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများ စသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲပေးကြသည်။

စေတုတ္တရာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၄)အုပ်စု၌ မဲရုံစုစုပေါင်း (၄၅)ရုံ မဲပေးပိုင်ခွင့်ရှိသူ (၂၄၄၅၃)ဦးရှိပြီး မိမိတို့ကြိုက်နှစ်သက်ရာပါတီကို မဲပေးခြင်းများ ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)