တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ရုပ်ပုံပြ ပုံပြောခြင်းအစီအစဉ် ပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူကလေးများအား ယနေ့နေ့နက်ပိုင်းက ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသား/ ကျောင်းသူကလေးငယ်များ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့  စဉ်ဆက်မပြတ် ၀င်ထွက်သွားလာကြစေရန် တိုင်းဆာ(ခ) မိုင်းသာရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “သူငယ်ချင်းကောင်း” ရုပ်ပြပုံပြင်စာအုပ်အား ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေးကာ စာအုပ်ပါအကြောင်း အရာများအား ကျောင်းသား/ကျောင်းသူများနှင့် ပျော်ရွှင်စွာအပြန်အလှန် အမေးအဖြေပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်းနှင့် ပုံပြင်ပြောခြင်းများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)