ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

ဖျာပုံ ဇန်နဝါရီ ၁၀

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၀၀၉၉၉)ဦးရှိသည့်အတွက် မဲရုံပေါင်း(၁၇၇)ရုံ ဖွင့်လှစ်ပြီးပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြပ်မတ်စစ်ဆေးပြီး ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့်သူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)