နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မူကြိုကလေးများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

နတ်တလင်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မူကြိုကလေးများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဖူဆယ်အားကစားကွင်း၌ကျင်းပခဲ့ရာ နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့်အဖွဲ့ဝင်များ၊  နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမူကြိုကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ရင်သွေးငယ်များ၏ မိဘများ တက်ရောက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမူကြိုကျောင်းမှ မူကြိုရင်သွေးငယ်လေးများက အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့်အဖွဲ့ဝင်များမှ ပထမ၊ ဒုတိယ၊ တတိယရရှိသော ရင်သွေးငယ်လေးများအား ဆုများအသီးသီးချီးမြှင်ခဲ့ကာ ပါဝင်ယှဉ်ပြိုင်ကြသော မူကြိုရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)