ကံမ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်ခန်းမ၌ ယနေ့နံနက် (၉)နာရီမှ စတင်၍ တာဝန်ရှိသူများမှ ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးခဲ့သည်။
ထိုသို့ မဲပေးစက်များထုတ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် မဲပေးစက်များအား စနစ်တကျစစ်ဆေး၍ အရန်မဲပေးစက်အဖြစ် မဲပေးစက် (၁၀၅)လုံးအား ထားရှိပြီး ကံမမြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စုမှ မဲရုံပေါင်း (၅၇) ရုံတို့တွင် မဲဆန္ဒရှင်ပြည်သူ (၄၉၈၀၉) ဦးတို့အတွက် မဲပေးစက် (၂၁၇)လုံးအား သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)