ကြို့ပင်ကောက် ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ MEVM မဲပေးစက် စက်ကိုင်ဝန်ထမ်းများ မွမ်းမံသင်တန်းကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ ဦးရဲနိုင်စိုးက မွမ်းမံသင်တန်းဖွင့်လှစ်ပို့ချရခြင်းရည်ရွယ်ကိုရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ရီရီစိုးက MEVM မဲပေးစက် အစိတ်အပိုင်းများနှင့် တပ်ဆင်အသုံးပြုပုံများကို ရှင်းလင်းပို့ချပေးခြင်း အကြောင်းအမျိုးမျိုးကြောင့် Error တက်ခြင်းများကို ဖြေရှင်းနည်းတို့အား အသေးစိတ်ရှင်းလင်းပြောကြား၍ MEVM မဲပေးစက်များအား မဲရုံဝန်ထမ်း သင်တန်းသားများက လက်တွေ့တပ်ဆင် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်စိုးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ မဲရုံမှူး၊ ဒုမဲရုံမှူးများ MEVM မဲပေးစက်ကိုင် ဝန်ထမ်းများ၏ သိလိုသည့်မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် MEVM မဲပေးစက်ကိုင်ဝန်ထမ်းများ မွမ်းမံသင်တန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ သက်ဆိုင်ရာမဲရုံဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)