နတ်မောက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေ ဖတ်ရှု့ရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များရှင်သန်လာစေရန်နှင့် နားထောင်မှုစွမ်းရည်မြင့်မားလားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပခဲ့ရာ ဦးစီးအရာရှိဒေါ်ဥမ္မာခင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေတို့က စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေစဉ်းစားဖို့” စာအုပ်ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ရှုရှင်းလင်းခြင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဝင်များကလည်း မိမိတို့အတွေးအမြင်အသိများပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
လှဝင်း