ဖျာပုံ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များနှင့်ဆက်စပ်ပစ္စည်းများအား ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ယနေ့နံနက်(၈) နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲပေးစက်များထုတ်ပေးနေမှုအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၅)အုပ်စု၌ မဲရုံပေါင်း (၁၇၇) ရုံအတွက် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျစီမံ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများလက်ဝယ်သို့ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်