မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သတိပေးနှိုးဆော်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို မြို့နယ်အတွင်းရှိ လူစည်ကားရာ ရပ်ကွက်/လမ်းဆုံတို့၌ ယမန်နေ့ည (၇) နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို လိုက်လံနှိုးဆော်သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးမျိုးဇော်၏ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသော်ဇင်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မိမိတို့၏ရုံးများ၊ နေအိမ်များ၊ အိမ်နှင့် ခြံဝင်းအတွင်း အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများစနစ်တကျထားရှိရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန်၊ မီးဖိုမှ မီးကြွင်း၊ မီးကျန်များစစ်ဆေးရန်၊ ဟောင်းနွမ်းနေသည့် လျှပ်စစ်ကြိုးများအသုံးမပြုရန်၊ မီးလောင်မှုဖြစ်ပွားပါကနီးစပ်ရာ မီးသတ်စခန်းသို့ အကြောင်းကြားပေးရန်၊ အရေးပေါ်တယ်လီဖုန်းနံပါတ်ဖြစ်သည့် ၁၉၁ ကို ဆက်သွယ်ရန် မီးဖိုနှင့် အမိုး၊ နံရံအကြားအပူခံအကာအရံများထားရှိရန်စသည့် ဆောင်ရန်၊  ရှောင်ရန်များကို လိုက်လံနှိုးဆော်သတိပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်