ညောင်တုန်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက္ကော့-အင်းမကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲဖွင့်အား ယနေ့မွန်းလွဲပိုင်းကစက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်(၁၆၅၀)ပေ၊ လမ်းအကျယ် (၁၂) ပေရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)