ဘိုကလေး ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ဘိုကလေးမြို့နယ်အတွင်းရှိ မဲရုံ(၂၆၅)ရုံတွင် အသုံးပြုမည့်မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ဘိုကလေးမြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်အတွင်း ယနေ့နံနက်(၈)နာရီမှ စတင်၍ တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျထုတ်ပေးခဲ့သည်။
မဲပေးစက်များထုတ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စနစ်တကျ မဲပေးစက်များအား စစ်ဆေး၍ အရံမဲပေးစက်အဖြစ် မဲပေးစက်(၁၁၈)လုံးအား ထားရှိပြီး မြို့နယ်တွင်းရှိ မဲရုံ(၂၆၅)ရုံတွင် အသုံးပြုမည့် မဲပေးစက်(၁၁၃၆)လုံးအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထဲ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)