မိုးညို ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့က ဖြန့်ဝေပေးခဲ့သည်။
မိုးညိုမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအားလုံးပါဝင်ဆန္ဒမဲပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးညိုမြို့နယ်ရုံးမှဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မဲပေးစက်ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရေး(မွမ်းမံ)သင်တန်းသို့လာရောက်သည့် မဲရုံမှူးများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)