ချောက်မြို့နယ် မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

​ချောက် ဇန်နဝါရီ ၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ​ချောက်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းကြံ့ခိုင်‌စေရန်၊ အလှည့်ကျဆောင်ရွက်တတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အကြီးတန်းပြိုင်ပွဲတွင် အင်္ကျီဝတ်၊ ပန်းစိုက်၊ အာလူး‌ကောက်ပြိုင်ပွဲများကိုလည်းကောင်း၊ အလတ်တန်းပြိုင်ပွဲတွင် ဝတ်အူရစ်၊ ကွင်းဆက်၊ ကြိုးထိုး၊ ခုံသယ်ပြိုင်ပွဲများကိုလည်းကောင်း၊ အငယ်တန်းပြိုင်ပွဲတွင် မှိုစိုက်၊ ကြိုးသီ၊ ဘဲဥသယ်ပြိုင်ပွဲများကိုလည်း‌ကောင်း အသီးသီးကျင်းပပြုလုပ်ပေးခဲ့ရာ ‌ကလေးငယ်များ ပျော်ရွှင်စွာ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ​ချောက်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းနှင့် ဆရာ၊ ဆရာမများက မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ ရင်သွေးငယ်များ၏ မိဘအုပ်ထိန်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)