ပန်းတောင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝေနော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူများကဝန်လိုရပ်ကွက် မဲရုံအမှတ် (၁) သို့ သွားရောက်ကာ ညွှန်ကြားချက်များနှင့်အညီ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် နံပါတ်ပါလုံခြုံရေးကြိုးချည်နှောင်ထားမှုအခြေအနေအား စစ်ဆေး၍ ပြည်သူများ ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေအား အားပေးကြည့်ရှုကာလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၄၉)အုပ်စုနှင့် မဲရုံပေါင်း (၁၂၁) ရှိပြီး တတိယအကြိမ် ကပ်ထားကြေညာသည့်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၀၆၀၆၁) ဦး ရှိကြောင်း သိရှိရသည်။
လပြည့်လင်း(ပြန်/ဆက်)