ဆိပ်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် တာဝန်ကျဝန်ထမ်းများ မွမ်းမံသင်တန်းနှင့် နည်းပညာအထောက်အကူပြုဝန်ထမ်းများ မဲရုံလုပ်ငန်းများနှင့် မြန်မာအီလက်ထရောနစ်စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်း နည်းပညာဆိုင်ရာသင်တန်းများပေးခြင်းကို မြို့နယ်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သင်တန်းပေးဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို မြို့နယ်ေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပစဉ်ကာလ၌ သက်ဆိုင်ရာလုပ်ငန်းများအောင်စွာဆောင်ရွက်နိုင်စေရန်အတွက် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ မွမ်းမံသင်တန်းကို ယမန်နေ့က ဆိပ်ဖြူ(အ.ထ.က) တွင်လည်းကောင်း၊ နည်းပညာအထောက်အကူပြုဝန်ထမ်းများ မြန်မာအီလက်ထရောနစ်စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် သင်တန်းပေးဆောင်ရွက်လျက်ရှိပြီး၊ ၎င်းသင်ပေးဆောင်ရွက်နေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရိန်(ဆိပ်ဖြူ)