နတ်တလင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မနောဟဒယခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အခမ်းအနားအား “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နတ်တလင်းမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်မင်းဇော်ဦးက ပညာရေးစုံညီပွဲတော်နှင့်စပ်လျဥ်း၍ တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်ပညာရေးမှူး ဦးဘိုဘိုအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အဆင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)