ပေါက်ခေါင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အ.ထ.က (ကြို့ပင်ကန်) ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအရာနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ စသည့်အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်းသိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)