ရေတာရှည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်မရှင်အဖွဲ့ခွဲများအား ယနေ့နံနက်(၉)နာရီက မြို့တော်ခန်းမ၌တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးမှာကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များကရေတာရှည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ဖြင့် ကျင်းပ ဆောင်ရွက်ရမည်ဖြစ်၍အပိုင်း(၁)တွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် အပိုင်း(၂)၊ အပိုင်း (၃)များအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ နိုင်ငံသားစိစစ်ရေးကဒ်ပြား(သို့မဟုတ်) စမတ်ကဒ် (သို့မဟုတ်) ပင်စင်စာအုပ် တစ်ခုခုဖြင့် ပြသ၍ ဆန္ဒမဲပေးပါကလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ အရိပ်အာဝါသရရှိနိုင်ရေး အမိုးများပြုလုပ်ပေးရန်နှင့် သောက်ရေများ စီစဉ်ထားပေးရန် စသည့်အကြံပြုချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် အ.ထ.ကရေတာရှည်ကျောင်းရှိ အောင်ဆန်းခန်းမတွင် ဖွင့်လှစ်ထားသည့် (၃)ရပ်ကွက် မဲရုံထားရှိမှု အခြေနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)