သံတောင်ကြီး ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့၊ နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားနှင့်သဝဏ် လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ကျောင်း ဆရာ/ဆရာမဒေသခံပြည်သူများက ကျဆုံးနေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများ အလေးပြုခြင်းနှင့်နိုင်ငံတော်အလံအား အလေးပြုခြင်းများဆောင်ရွက်ခဲ့သည်
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၆ခုနှစ်(၇၈)မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများကျောင်းဆရာ/ဆရာမများ၊ ဒေသခံပြည်သူများအား နံနက်စာ ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်နှင့်မုန့်များကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ