ကြို့ပင်ကောက် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။
အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောမောင်ဗွေက သင်တန်းမှ ပို့ချသော စာတွေ့လက်တွေ့ သင်ခန်းစာများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရန်၊ မီးသတ်ပညာရပ်၊ အသက်ကယ်နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီး လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေဖို့အတွက် ဂရုစိုက် လေ့ကျင့် မှတ်သားထားရန်လိုအပ် ကြောင်းအဖွင့် အမှာစကား ပြောကြားပြီးသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ B A SET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းနိုင် နှင့် ဒုတိယမီးသတ်ဦးစီးမှူးတို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းသား (၅၀)ဦး အားသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)