ပိုင်ကျုံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာ အုပ်စု၊ နို့ဖိုးခီးကျေးရွာ၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ထောပ်ပံ့ပြီး (Carelink) အဖွဲ့နှင့် ကျေးရွာလူထုတို့ ပူးပေါင်းကာ ကုန်ထုတ်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ထောက်ပံ့ပြီး (Carelink) အဖွဲ့နှင့် ကျေးရွာလူထုတို့ ပူးပေါင်းအကောင်အထည့်ဖော်သည့် အရှည် (၆၅၀၀) ပေရှိ ကုန်ထုတ်လမ်းအား ငွေကျပ် (၂၇,၉၃၁,၀၀၀) ဖြင့် အောက်တိုဘာလ ပထမပတ်တွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ရာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ထောက်ပံ့ပြီ (Carelink) အဖွဲ့သည် ယာယီနေရပ်စွန့်ခွာသူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးသည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများ၊ တံတားများ၊ ရေမြောင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)