နတ်တလင်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ်၊ အလုပ်လုပ်သော ကလေးများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာဆက်သင်ယူရန်နှင့် ကလေးများလုပ်သောအလုပ်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအကြောင်းတို့ကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)