တောင်ငူ ဇန်နဝါရီ ၄
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၂/၂၀၂၆၊ ၃/၂၀၂၆ အရ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တောင်ငူအကျဥ်းထောင် ဧည့်ရိပ်သာ၌ တောင်ငူအကျဥ်းထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်စိုးနှင့် ဝန်ထမ်းများ၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောကျော်မင်းဦး၊ တောင်ငူခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ(စုံစမ်းရေး) ဦးကိုကိုနိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းလတ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ အကျဥ်းသား (၆၂)ဦး၊ အကျဥ်းသူ (၁၀)ဦး၊ စုစုပေါင်း (၇၂)ဦးအား နောင်တွင် ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ရန် ဆုံးမသြဝါဒစကားပြောကြားပြီး ပြန်လည်စေလွှတ်ပေးခဲ့သည်။ တောင်ငူအကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦးအနက်မှ တရုတ်နိုင်ငံသား (၉)ဦးနှင့် လာအိုနိုင်ငံသူတစ်ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)