ညောင်တုန်း ဇန်နဝါရီ ၂
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး ရရှိအောင် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ၏အကြောင်းအရာများကိုလည်းကောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးဆောင်ရွက်မှုသမိုင်းကြောင်းများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)