ပေါက်ခေါင်း ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အာလူးကောက်၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀) တာတို ကျား/မ အပြေးပြိုင်ပွဲများ၊ မီတာ(၂၀၀) တာဝေး အပြေးပြိုင်ပွဲများအပြင် အလျားခုန်၊ အမြင့်ခုန် ပြိုင်ပွဲ များကို ကျင်းပခဲ့ရာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)