သနပ်ပင် ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူ ကြည့်ရှုနိုင်ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ တတိယအကြိမ် ကပ်ထားကြေညာကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများက ဒုတိယအကြိမ်ကပ်ထား ကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ခဲ့ပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ထပ်မံကပ်ထားကြေညာခြင်းဖြစ်သည်။
အဆိုပါ တတိအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြသထားရှိမှုကို ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၅ ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများအလွယ်တကူ ကြည့်ရှုနိုင်ရန် စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိရေး ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)