(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်၊ ထူဒူငံသကျေးရွာ “ဘိုးလာမာလမ်း” ကတ္တရာ လမ်းသစ်ဖွင့်လှစ်

လွိုင်ကော် ဒီဇင်ဘာ  ၃၁

()နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်ထူဒူငံသကျေးရွာ “ဘိုးလာမာလမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အဆိုပါလမ်းသစ်မုခ်ဦး ရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က “()နှစ်မြောက် ကယားပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ကတ္တရာလမ်းသစ်ဖွင့်နိုင်ခြင်းကြောင့် ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရာသီမရွေး အသုံးပြုသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် လမ်းများအသစ်ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများကလည်း မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေး ထားသည့် လမ်းအား ရေရှည်တည်တံ့အောင်  ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်အသုံးပြုပေးစေလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ လမ်းသစ်အား ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က လမ်းသစ်ဖွင့်ပွဲ မုခ်ဦးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်က ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြပြီး ကယားပြည်နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က အဆိုပါလမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် လမ်းသစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ပြည်သူများကိုယ်စား လွိုင်ကော်မြို့ ထူဒူငံသကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကယားတိုင်းရင်းသား တိုင်းရင်းသူများက “လှမ်းလာခဲ့ပါ ကယားမြေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘင်ခရာအဖွဲ့၊ ကယားရိုးရာအကအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးဖွင့်ပွဲအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ကတ္တရာလမ်းသစ် တစ်လျှောက်ကြည့်ရှုကြပြီး တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် ဘိုးလာမာကတ္တရာလမ်းသည် အရှည် (၃၄၀၀) ပေ၊ လမ်းအကျယ် (၁၂)ပေနှင့် လမ်းပုခုံးတစ်ဖက် (၃) ပေ စုစုပေါင်း အကျယ် (၁၈) ပေရှိပြီး ထူဒူငံသ၊ စိုက်ကွင်း (၃)၊ ရွာတန်းရှည်နှင့် ပန်ကန်းကျေးရွာများရှိ လူဦးရေ (၃၆၀၀) ဦး နေ့စဉ်ဖြတ်သန်းအသုံးပြုနေ သည့်လမ်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)