ပန်းတောင်းမြို့နယ်အတွင်းရှိ မဲရုံများသို့ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ​ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက တာဝန်ကျမဲရုံများရှိ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ အဖွဲ့၀င်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ထို့သို့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲအပိုင်း (၂) မကျင်းပမီ စက်ကိုင်မွမ်းမံ့သင်တန်းများ ထပ်မံပို့ချပေးမည်ဖြစ်ကြောင်း၊ မဲရုံ၀န်ထမ်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မဲရုံများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများ၊ MEVM မဲပေးစက်များကို လက်ခံရရှိနိုင်ရေးနှင့် စက်များတပ်ဆင်ဆောင်ရွက်သွားမည့်အစီအမံများနှင့် မိမိတို့တာဝန်ကျရာထမ်းဆောင်ရမည့်ဝန်ထမ်းများ၏ အခက်အခဲများကို တင်ပြရန်ပြောကြားခဲ့သည်။

ထို့နောက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ တာဝန်ကျမဲရုံများရှိ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ အဖွဲ့၀င်များက လိုအပ်ချက်များကိုတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)