ပေါင်းတည် ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူများ ပါဝင်မဲပေးနိုင်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ဆက်လက်ကျင်းပခဲ့ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ တက်ရောက်ကြသည်။
ထိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားရာ မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က မြို့နယ်အတွင်း မကြာမီကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)