ပေါက်ခေါင်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
ပျားထိုးကျွန်းကျေးရွာတွင် ကွမ်းပင်များကို မိမိအိမ်ခြံဝန်းအတွင်း၌လည်းကောင်း၊ ဥယျာဉ်ခြံတွင် လည်းကောင်း စိုက်ပျိုးထားကြရာ တပေါင်းလနှင့် တန်ခူးလများတွင် မိုးအနည်းငယ်ရွာပြီ ဆိုသည်နှင့် မြေပြင်ခြင်း၊ ကွမ်းတိုင်စိုက်ထူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး တိုင်ခြေမှစ၍ မျိုးဖြတ်ထားသော ကွမ်းရွက်အညွန့်များကို စတင်စိုက်ပျိုးကြကြောင်း၊ နွားချေးကို အဓိက မြေဩဇာအဖြစ် အသုံးပြုကြကြောင်း၊ အရိပ်ပေးရန်လိုအပ်ကြောင်းနှင့် အဆိုပါ စိုက်ပျိုးထားသော ကွမ်းရွက်များကို ပေါက်ခေါင်းမြို့နှင့် ပြည်မြို့သို့ တင်ပို့ရောင်းချကြောင်း ပျားထိုးကျွန်းကျေးရွာမှ ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)