ပေါင်းတည် ဒီဇင်ဘာ ၃ဝ
ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်ရှိ မဲရုံနေရာများ ခြေအနေအား တာဝန်ရှိသူများ ယနေ့ နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များသည် မြို့ပေါ်နှင့်ကျေးရွာအုပ်စုများတွင် သတ်မှတ်ထားသည့် မဲရုံတည်နေရာနှင့်မဲရုံပုရဝဏ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒပြုမဲပေးနိုင်စေရေး၊ မဲရုံပုရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် အခြားလိုအပ်သည်များကို ကြိုတင်ဆောင်ရွက်နိုင်စေရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့များနှင့် မဲရုံတာဝန်ခံများအားမှာကြားခဲ့ကြောင်း သိရှိရသည်။
ရွှေသား(IPRD)