သနပ်ပင်မြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

သနပ်ပင် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက်  "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း၌ မြို့နယ်ပြည်သူအားကစားကွင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်နှင့် "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သနပ်ပင်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)