မြောင်းမြမြို့တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)မှ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ

မြောင်းမြ ဒီဇင်ဘာ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်း (စက္ကော့)မှ လာရောက်ကွင်းဆင်းလေ့လာရာ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကြိုဆိုပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စက္ကော့)မှ ဆရာမ ဒေါ်သန်းသန်းခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းဝန်းအတွင်းရှိ စမ်းသပ်စိုက်ခင်းများအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးက ဦးဆောင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် လေ့လာရေးခရီးစဉ်အဖြစ် မြစိမ်းရောင် တောင်တော်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)