ခန္တီးမြို့၌ မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

ခန္တီး ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခန္တီးမြို့ပေါ်တွင် မဲရုံများအဖြစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား ယနေ့နံနက် (၇)နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မဲရုံနေရာများဆောင်ရွက်ထားရှိမှုကို ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်၊ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များက ခန္တီးမြို့ပေါ်ရှိ မဲရုံ (၇)ရုံနှင့် ဆင်သေကျေးရွာ၊ ကင်းတော်ကျေးရွာများ၏ မဲရုံဆောင်ရွက်ထားရှိမှုများ၊ မဲပေးစက်ထားရှိမှုများ၊ မဲပေးမည့်နေရာများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)